ထားဝယ်တက္ကသိုလ်၌ ပညာသင်ကာလစာမေးပွဲနှင့် မဟာအရည်အချင်းစစ်မေးပွဲ အေးချမ်းစွာဖြေဆို

ထားဝယ် မတ် ၃၀

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စတုတ္ထနှစ်ဥပဒေပညာ၊ ဒုတိယပညာသင်ကာလစာမေးပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမ ပညာသင်ကာလစာမေးပွဲ တတိယနှစ်၊ ဂုဏ်ထူးတန်း မဟာအရည်အချင်းစစ် သင်တန်း၊ မဟာပထမနှစ်သင်တန်းကို ယနေ့နံနက် ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေစဉ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းတို့က လိုအပ်သည်များမှာကြားပြီး ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါစာမေးပွဲအား နေ့စဉ်နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိ ဖြေဆိုရမည်ဖြစ်ကာ စာမေးပွဲနှင့် သင်တန်းကို ဧပြီ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)