လှိုင်းဘွဲမြို့(ခ)ရပ်ကွက်အတွင်းရှိ ကျောင်းကြီးလမ်းအားကွန်ကရစ်လမ်းခင်းပေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

လှိုင်းဘွဲ မတ် ၃၀

 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်အတွင်းရှိ ကျောင်းကြီးလမ်းအား ကွန်ကရစ်လမ်းခင်း​ပေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းအား ၂၀၂၁-၂၀၂၂ ခုနှစ်၊မီနီဘတ်ဂျက်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး၊ ငွေရင်းလုပ်ငန်းများအဖြင့် လမ်းအရှည်  ၂၄၅ပေ၊အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိသည့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ်(၈ ဒဿမ ၅၀၀)သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် လမ်းဘေးတစ်ဘက်စီရှိ အိမ်သူ၊အိမ်သားများက ပျော်ရွှင်ဝမ်းမြောက်လျက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အား ကျေးဇူးတင်​ကြကြောင်း သိရ သည်။

လင်းသန့်(ပြန်/ဆက်)