ရန်ကင်းမြို့နယ်တွင် Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆) လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield) ဆက်လက်ထိုးနှံပေး

ရန်ကင်း မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ သာသနာ့ ဗိမာန်တော်ကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက  Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆) လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield) ကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့ပေါ်ရပ်ကွက်များအထိ ကွင်းဆင်းကြီးကြပ်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ထမ်းများက  ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကွင်းဆင်းကြီးကြပ် ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား မြို့နယ်ကြက်ခြေနီ သူနာပြုအဖွဲ့များ ကိုယ်အပူချိန် တိုင်းတာပေးပြီး ကျန်မာရေးလမ်းညွှန်ချက်များ နှင့်အညီ ယနေ့အထိ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ   ဧပြီလအတွင်း ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်  တာဝန်ရှိသူများက လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အိရွှေစင် (ပြန်/ဆက်)