ကလောမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကလော  မတ်  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေးအတွက်  ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာန သ​န္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကလောမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည့် အထက်တန်း​ကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်၊ မီးလန့် မှုများ မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊စာစစ်ဌာနနှင့် အနီးပတ်ဝန်းကျင်ရှိ စျေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

ကျော်ဝင်း