ဘားအံ မတ် ၂၉
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကာယဖွံ့ဖြိုးမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် ရေပေါ်ဘောလုံးမှုတ်ပြိုင်ပွဲ၊ ခုံလုတမ်းပြိုင်ပွဲ၊ ခွက်အမြင့်စီပြိုင်ပွဲ၊ ခြင်းထဲသို့ ဘောလုံးပစ်ပြိုင်ပွဲနှင့် ဉာဏဖွံ့ဖြိုးမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများ တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲ စသည်တို့ကို ပြုလုပ်ပေးခဲ့ရာ နွေရာသီအခြေခံပန်းချီသင်တန်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)