ကျွန်းစုမြို့တွင် မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ / မရှိ စိစစ်၍ ပြုလုပ်ဆောင်ရွက်ပေး

ကျွန်းစု မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၁ - ၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်အတွက် မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ/ မရှိ စိစစ်၍ ဆိုင်ကယ်ဘီးခွန်များအား ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံးအရှေ့၌ ပြုလုပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဖြတ်သန်းသွားလာနေသော ဆိုင်ကယ်(၂၉)စီးအား တစ်စီးလျှင် (၁၅၀၀)ကျပ်ဖြင့် ဆိုင်ကယ်ဘီးခွန် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)