မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်ရှိ/မရှိ Mobile ပူးပေါင်းအဖွဲ့မှ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

မောက်မယ် မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်း ပြည့်ထိုးနှံနိုင်ရန်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက် ဂိတ်တွင် အဖွဲ့များခွဲ၍ ရှောင်တခင် စစ်ဆေးခြင်းကို  ယနေ့နံနက် ၆နာရီခွဲကစတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးရာတွင်  အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီးနှင့် ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များ ရှိ/မရှိ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း လက်မှတ်ပါမှသာ ဖြတ်သန်းသွားလာခွင့်ပြုခြင်းတို့ကို စစ်ဆေးဆောင်ရွက်ရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား မြို့ဦးအဝင်အထွက် ဂိတ်တွင် ချက်ခြင်းထိုးနှံစေခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး စစ်ဆေးကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်