မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မီးသင်္ဂြိုဟ်စက်နှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း  မတ်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့နံနက် ၁၁ နာရီခွဲက မီးသင်္ဂြိုဟ်စက်နှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သော မီးသင်္ဂြိုဟ်စက်နှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုကို မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်ရဲမှူးနှင့် လဝက ဦးစီးမှူးတို့က ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်အတွက် ရေရှည်တည်တံ့ကောင်းမွန်စေရန် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် အောက်ဆီဂျင်စက်ရုံသည် မတ် ၂၂ ရက်က စတင်တည်ဆောက်၍ အလျားပေ ၄၀၊ အနံပေ ၃၀ အကျယ်ရှိကာ တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး ၂၀ ဖြည့်တင်းနိုင်သော အောက်ဆီဂျင်ပလန့်ကို ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

နန်းပန်