သာကေတ မတ် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (CommunityCenter)ခန်းမ၌ အမျိုးသမီးများ ဘ၀ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တပိုင်တနိုင် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် Women Club တို့ပူးပေါင်း၍ (၂၄)ကြိမ်မြောက် အိမ်တွင်းမှုသင်တန်းအဖြစ် ပရုတ်ဆီပြုလုပ်နည်း အခမဲ့ သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဒေါ်ဆောင်းနှင်းဖြူမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး သင်တန်းနည်းပြ ဆရာမဒေါ်ကျင်မြိုင်မှ ပရုတ်ဆီပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပြီး သင်တန်းသူများမှ လက်တွေ့ ပြန်လည်ပြုလုပ်ကြသည်။
အဆိုပါသင်တန်းတွင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ သင်တန်းသူ(၇)ဦး တက်ရောက်ကြကာ နံနက်(၁၀)နာရီမှ နေ့လယ်(၁၂:၀၀) နာရီ အထိ အခမဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ