ကရသူရိမြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပြည်သူများကိုဆက်လက်ထိုးနှံပေး

ကရသူရိ မတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံပေးခြင်းကိုယနေ့ နံနက် ၉ နာရီက မြို့ ကျေးလက်ကျန်းမာရေးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ၊ ပထမအကြိမ် ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ်ဆက်လက်ထိုးနှံရန်ကျန်ရှိနေသူများကို ကာကွယ် ဆေး ပြီးစီးအောင်ထိုးနှံနိုင်ရေး ကျေးလက်ကျန်းမာရေးဝန်ထမ်းနှင့် ရပ်စာ/ရေးတို့ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်   ထိုးနှံပြီးစီးသူများကို  ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း(ဆေးလက်မှတ်)များ  ပေးအပ်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေး  နည်းလမ်းများအတိုင်း  လိုက်နာနေထိုင်ကြရန်တို့ကို  အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)