သိန္နီမြို့တွင် ကတ္တရာလမ်းသစ် ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်

သိန္နီ မတ်  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို သိန္နီမြို့နယ် ဓါတ်တော်စေတီ ဆရာတော်ကြီးမှ ဦးဆောင်၍ စည်ပင်သာရေးဌာနနှင့် လမ်းကော်မတီတို့ ပူးပေါင်းပြီး ဓာတ်တော်စေတီ သွားလမ်း နှင့်  သဗ္ဗေညုစေတီ သွားလမ်းတို့တွင် ပေ (၄၆၀၀) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ လမ်းသစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းတွင် မူလလမ်းသား ၁၀ ပေအား  ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ အဆိုပါလမ်းသား ၁၀ ပေတွင် လမ်းတစ်ဘက်စီ၌ ၃ ပေစီ လမ်းသစ်ခင်းခြင်း လုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့သော ကတ္တရာ (၃၂.၅၂) တန်နှင့် ဒေသခံပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် သိန္နီမြို့နယ် စည်ပင်သာယာရေး ဌာနမှ ယာဉ်၊ စက်၊ ယန္တယား၊ နည်းပညာအကူအညီများဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လမ်းသစ် ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းသို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် တာဝန်ခံ အင်ဂျင်နီယာတို့မှ ကွင်ဆင်း ကြပ်မတ်လျက်ရှိပြီး လုပ်ငန်း၏  ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း မြို့နယ်အမှုဆောင် အရာရှိ ဦးညီညီမောင်ထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)