တနိုင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

တနိုင်း မတ် ၂၇

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို ယ‌မန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဝါဦးက   ကျောင်းသား၊ ကျောင်းသူ များအား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတနှင့် ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက် လာစေရန် အတွက်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၇)ဦးမှ  "စိတ်ကြိုက်ပန်း ချီပြိုင်ပွဲ" တွင် ပါဝင်ယှဉ်ပြိုင်ကြရာ  ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသူများအား မြို့နယ်ဦးစီး အရာရှိ၊ ပန်းချီပညာရှင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ဦးစီးဌာနရုံးချုပ်မှ ပေးပို့သည့်(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား"လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)