လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်

ချီဖွေ  မတ် ၂၇

ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်၊ လူရွယ်များ လူကုန်ကူးမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးဂွါဇာလေးက ပြည်သူများအနေဖြင့် “လူကုန်ကူးမှု တာဆီး ကာကွယ်ရေး အသိပညာပေး” အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် ကိုဗစ်ကာလ အတွင်း ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို Online မှ တဆင့် ရိုက်ကူးထုတ်လွှင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးသက်ဘုန်းဝေက အမျိုးသမီးများ၊ကလေးသူငယ် များနှင့်လူငယ်၊ လူရွယ်တို့အတွက် မြန်မာနိုင်ငံမှာတွေ့ကြုံနေရသည့် လူကုန်ကူးခြင်းပတ်သတ်၍ လူကုန်ကူးမှုအမျိုးအစားနှင့် လူကုန် ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများစသည့်တို့ကို  အသိပညာ ပေးခြင်း၊ ပြည်သူများအနေဖြင့် မိမိဒေသအတွင်း လူကုန်ကူးမှုမဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်ရန် အကျယ်တဝင့် ဆွေးနွေးခဲ့‌ကြောင်း သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)