အလုံ မတ် ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေ ရေးနှင့် စျေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်၈နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံမြို့နယ် ခန်းမရှေ့တွင် ဆန်၊ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါ ကြောင်းသိရသည်။
ထို့သို့ရောင်းချပေးခဲ့ရာတွင် ပေါ်ဆန်းဆန်း (၅)ပြည်တစ်အိတ် ၈၅၀၀ကျပ် ၊ ဧည့်မထ (၅)ပြည် တစ်အိတ် ၅၀၀၀ကျပ်၊ ဆီတစ်ဘူး ၂၈၀၀ ကျပ်၊ ကြက်တစ်ပိဿာ(၆၀၀၀)၊ ဆိတ်သား တစ်ပိ ဿာ(၁၇၀၀ဝိ)၊ အရိုးအသားတစ်ပိဿာ(၁၂၀၀ဝိ)၊ ကလီစာတစ်ပိဿာ(၉၀၀ဝိ)၊ အမဲတစ်ပိဿာ (၁၂၀၀ဝိ)၊ ဝက်သား အဆီအသားတစ်ပိဿာ(၁၀၀၀၀)၊ ဝက်သားလှိုင်းသား/ အသားရှယ် တစ်ပိဿာ(၁၂၀၀၀)၊ နံရိုးတစ်ပိဿာ(၉၀၀ဝိ)ကျပ်၊ ငါးတစ်ပိဿာ(၆၆၀၀)၊ ပုစွန် တစ်ပိဿာ (၁၂၀၀၀)ကျပ် နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင် သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်၊၊
တင်တင်ချို (ပြန်/ဆက်)