လောက်ကိုင် မတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးတို့က တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အခြေခံမဲဆန္ဒရှင် စာရင်းများပြည့်စုံမှန် ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများအား မတ်လ ၂၃ မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးပို့ထားရှိသော လူဦးရေစာရင်းအား စိစစ်ပြုစုထားသည့် အခြေခံမဲဆန္ဒရှင် စာရင်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေပြင် ကွင်းဆင်းပြုစုထားသော လူဦးရေစာရင်းအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ တိုက်ဆိုင် စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေစင်ဖြိုး