မန္တလေးမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ မူကြိုပညာသင်ယူပြီးမြောက်သည့် အခမ်းအနားကျင်းပ

မဟာအောင်မြေ မတ်၂၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) မူလတန်း ကြိုကျောင်း၌ မူကြိုပညာသင်ယူပြီးမြောက်သည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မူကြိုပညာယူသင်ပြီးမြောက်သည့် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် က​လေးငယ်များအား မူကြိုပညာသင်ယူပြီး​မြောက်​ကြောင်း ​အောင်လက်မှတ်များကိုလက်​ထောက်ညွှန်ကြား​ရေးမှူးနှင့် တာဝန်ရှိသူများက ​​ပေးအပ်ခဲ့သည်။

ထို့နောက်    မူကြိုပညာသင်ယူပြီး​မြောက်သည့် က​လေးငယ်များက ဧည့်သည်​တော်များအား ပ​ဒေသာ အကများဖြင့်​ ဖျော်​ဖြေခဲ့ကြပြီး အခမ်းအနားသို့ က​လေးငယ်များ၏ မိဘများ၊ ဆရာ/ဆရာမများ၊ မူကြို ပညာသင်ယူပြီး​မြောက်သည့် က​လေးငယ်များ စုစု​ပေါင်း (၁၂၀) ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

အောင်ဇော်မင်း