ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ ကျေးရွာများသို့ အသိပညာပေး

တနင်္သာရီ ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာနက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နံ့မှုထိန်းချု်ပရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား ဒေသခံ ပြည်သူများ ကျယ်ကျယ်ပျံ့ပျံ့ ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက် ၁၁ နာရီမှ စ၍ ဆင်ခြေဖုန်း ကျေးရွာအုပ်စု မရင်းကြီးကျေးရွာ၊ အော်ကြီးကျေးရွာ၊ ကော့မပြင်းကျေးရွာတို့တွင် တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာ ပေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးကျော်ဆန်းသည် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက် များနှင့် မြေပြိုဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊လေဘေး..စသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာကြိုတင်ကာကွယ်ရေး လုပ်ငန်း စဉ်များ၊ ဆောင်ရန်/ရှောင်များကို ကျေးရွာများရှိဒေသခံပြည်သူများက ကြိုတင်၍ကျယ်ကျယ်ပျံ့ပျံ့သိရှိပြီး လိုက်နာနိုင်စေရန် ရည်ရွယ်ကာ မော်တော်ယာဉ်ဖြင့် ကျေးရွာအတွင်းလှည့်လှည်၍ အသံချဲ့စက် ဖြင့်လှို့ဆော်ကြော်ငြာပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်ကို အခမဲ့ဝေငှပေးခြင်း၊ လက်ကမ်းစာစောင်ပါ အချက်အလက်များကို ရှင်းလင်းကြော်ငြာပေးခြင်း နှင့် အသိပညာပေးဗွီနိုင်းပိုစတာများကို လည်း ကျေးရွာအတွင်း လူစည်ကားရာလမ်းဆုံနေရာ၌ ကပ်ထားကြေညာပေးခြင်း စသဖြင့် အသိ ပညာပေးလုပ်ငန်းများကို ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)