ကရင်ပြည်နယ်တွင် မြန်မာGAPအသိအမှတ်ပြုလက်မှတ်ရရှိသူ တောင်သူများအား ပေးအပ်

ဘားအံ ဩဂုတ် ၃၁

ကရင်ပြည်နယ်အတွင်း တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်သီးနှံ့များ အရည်အသွေးကောင်းမွန်မှု၊ စိုက်ပျိုးထုတ်လုပ်သည့် အခါတွင် သဘာဝပတ်ဝန်းကျင် မပျက်ဆီးစေရေး၊ တောင်သူနှင့် စားသုံးသူများပါ ကျန်မာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝသာယာရေး စသည့်အချက်များနှင့် ပြည်စုံစိုက်ပျိုးနိုင်သည့် တောင်သူများအား မြန်မာGAP အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ နံနက် (၁၀)နာရီက ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ ပြည်နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးအောင်ဌေးက GAPဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဒုတိယပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူးများ၊ ပြည်နယ် မျိုးစေ့ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ပြည်နယ်မြေအသုံချရေးတာဝန်ခံ၊ ပြည်နယ်မျိုးစေ့ တာဝန်ခံ၊ပြည်နယ်သီးနှံကာကွယ်ရေး တာဝန်ခံတို့က ပရဆေး GAPအသိအမှတ်ပြု လက်မှတ်ရ Nippon Foundationနှင့် သစ်သီးခြံသီးနှံ GAPအသိအမှတ်ပြုလက်မှတ်၊ ကြက်မောက်သီးနှင့်မင်းဂွတ် သီးနှံGAPအသိ အမှတ်ပြု လက်မှတ်၊ ဒူးရင်း သီနှံGAP အသိအမှတ်ပြုလက်မှတ်၊ ငှက်ပျော သီနှံGAP အသိအမှတ်ပြုလက်မှတ်၊ ကျွဲကော သီနှံ GAP အသိအမှတ်ပြု လက်မှတ်ရရှိသူ တောင်သူများအားပေးအပ် ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)