ကြာအင်းဆိပ်ကြီး မတ် ၂၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေ ဗဟုသုတများရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သောအကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က အများ ပြည်သူ အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားပြီး စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင် ဆရာမဒေါ်ညွန့်ညွန့်ဆွေက အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံးဖျက်သိမ်းရေး သဘောတူစာချုပ် DISCRIMINATION AGAINST WOMEN (EDAW) (၁၆)ချက်အရ လိင်ကွဲပြားမှုကို အခြေခံ၍ အမျိုးသမီးများအား ခွဲခြားဖိနှိပ် မှုမပြုရေး၊ ထိုသို့ခွဲဖိနှိပ်မှုများအပေါ် ရှုတ်ချရန် ပပျောက်အောင်လုပ်ဆောင်ပေးရန်၊ အမျိုး သမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေအပါအဝင် ဆောင်ရွက်မှုများ ဆောင်ရွက်ပေးရေး၊ လိင်ကွဲပြားမှုအပေါ် ခွဲခြားမှုအမြင်အစွဲများ ပပျောက်အောင် လုပ်ဆောင်ပေးရန်၊ အမျိုးသမီးများအား ကူးသန်းရောင်းဝယ်ခြင်းပြည့်တန်ဆာအဖြင့်စေခိုင်းခြင်းများမှ တားဆီးပေးရန်၊ မဲပေးပိုင်ခွင့်နှင့် နိုင်ငံရေး ဆုံးဖြတ်ချက်များချရာတွင် ပါဝင်ခွင့်ပေးရန်၊ စသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည်များကို ဆေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားသိရှိနိုင်စေရေးအတွက် Online လိုင်းမှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေး လျက်ရှိရာ သိရှိလိုသည်များအား Iprd kyarinn seik kyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်ကြောင်း သိရသည်။
မျိုးမင်းဦး