မလှိုင်မြို့နယ်၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက်  ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး

မလှိုင်  မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ် မတ်လ(၃၁)ရက်၌  ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက စတင်ပြီး အ.ထ.က မလှိုင်ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း  သိရသည်။

မလှိုင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ကျောင်းတွင်းမှ (၁ဝ၂ဝ) ဦး၊ ပြင်ပမှ  (၄ဝ၄)ဦး ၊ စုစုပေါင်း (၁၄၂၄)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားပြီး အဆိုပါ ကျောင်းသား/ သူများအတွက်  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မတ်လ(၂၄)ရက်နေ့မှ စတင်ထုတ်ပေးနေခြင်းဖြစ်သည်။

မလှိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများကို ဧရာဝတီ(အ.ထ.က-မလှိုင်) ၊ အ.ထ.က (မြို့သစ်) ၊ အ.ထ.က(ဆည်တို) ၊ အ.ထ.က မုံပင် ၊ အ.ထ.က(ပန်းအိုင်) နှင့်  အ.ထ.က.(နှောကန်) တို့၌ စာစစ်ဌာန(၆)ခု ဖွင့်လှစ် ထားရှိမည်ဖြစ်သည် ။  ယခင်နှစ်များက စာစစ်ဌာန(၈)ခု ထားရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသားဦး‌ရေအရ စာစစ်ဌာန(၆)ခု သာထားရှိမည်ဖြစ်ကြောင်း သိရသည် ။                                                                                       

အောင်ဌေး(မလှိုင်)