အလုံမြို့နယ်၌ (၇၇) နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်၊ စာ​စောင်ပြပွဲ​ ဆောင်ရွက်

အလုံ မတ် ၂၅

၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်နှင့် စာအုပ်စာ​စောင်ပြပွဲကို ယမန်​နေ့ မွန်းလွဲ()နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထု အ​ခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

နံရံကပ်စာ​စောင်တွင် မြန်မာ့တပ်မ​တော်သမိုင်း၊ ရဲ​ဘော်သုံးကျိပ်၏ အမည်နှင့် မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်မှ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ် စသည့်​ဖြင့် ပါဝင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်(၁၀၀)တို့ကို ပြသခြင်းများ​ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာ​စောင်နှင့် စာအုပ်စာ​စောင်ပြသပွဲကို မြို့နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများ တက်​ရောက်ကြည့်ရှုအား​ပေးခဲ့​ကြောင်း သတင်းရရှိသည်။

တင်တင်ချို (ပြန်/ဆက်)