ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်တံတား မတ်၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်စိန်က လာမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း ပါဝင်စေချင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း ရပ်ကွက်အလိုက် မကျန်ရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း မိမိတို့ရုံးဌာန၏လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက်(၁၁:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)