သင်္ဃန်းကျွန်းမြို့နယ်တွင် ကူးစက်မြန်အိုမီခရွန်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

သင်္ဃန်းကျွန်း မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အများပြည်သူ များအား အသိပညာပေး Talk Show များအား အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့မြန်မာသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ အိုမီခရွန်အကြောင်းအသိပညာပေး Talk Show အား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကို အသိပညာပေး ဆွေးနွေးပေးခဲ့သည်။

ထိုသို့ဆွေးနွေးပေးရာတွင် အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဉီးစီးမှူးနှင့် ရုပ်/သံ ကျွမ်းကျင်(၃) ဦးလင်းလင်းထွန်းတို့က ဆွေးနွေးပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး