ကျိုင်းတုံ မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ဆိုလာစွမ်းအင်သုံး ရေပန့်များ ရွေးချယ်ခြင်းနှင့် စစ်ဆေးပြုပြင်ခြင်း ဆင့်ပွား သင်တန်းဆင်းပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကျိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်းက ခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်စေရန် ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချခဲ့ခြင်းဖြစ်၍ မိမိတာဝန်ထမ်းဆောင်ရာဒေသတွင် သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့လုပ်ငန်းများတွင် အသုံးချဆောင်ရွက်ကြရန် သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းကို ကျိုင်းတုံခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ အင်ဂျင်နီယာ ၁၃ ဦးအား တက်ရောက်ကာ သင်တန်းနည်းပြများက Solar Pumping System နှင့် Solar Water Pumping System ဘာသာရပ်များ၊ စက်ရေတွင်းတူးဖော်သည့် ဘာသာရပ်များ စသည့် သင်ခန်းစာများကို မတ်လ ၂၀ ရက် မှ ၂၃ ရက်အထိ (၃)ရက်ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)