စဉ့်ကူး မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း အသက် ၁၆ နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် "ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေ ဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ၍ ဆောင်ရွက် ရသည့် လုပ်ငန်းများတွင် လည်းကောင်း ( ၁-၄-၂၀၂၂) ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အား ပြသစစ်ဆေးမှု ခံယူရမည် ဖြစ်ကြောင်း အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးရွှေဝင်းနှင့်ဝန်ထမ်းများ၊ မြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့၀င် များပူးပေါင်း၍ မြို့အဝင်နှင့် မြို့လယ်လမ်းဆုံ နေရာများတွင် ပြည်သူများအား အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြပြီး လူစည်ကားသောနေရာများနှင့် စျေးဆိုင်များတွင် အသိပေးကြော်ငြာများကပ်၍ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)