ကျောက်ဆည်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ကြံမှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဘွဲ့တံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ ချီးမြှင့်

ကျောက်ဆည် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်(၂၄)ရက် နံနက်(၉) နာရီခွဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေစဉ် အကြမ်းဖက်သောင်းကျန်းသူမျာ၏ လုပ်ကြံမှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဘွဲ့တံဆိပ်နှင့်ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပေးအပ်လာသော နိုင်ငံ့တာဝန်များ ကျေပြွန်စွာထမ်းဆောင်နေကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကျေးဇူးတင်စကားပြောခဲ့ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ(၈)ရက်နေ့တွင် အကြမ်းဖက်သောင်း ကျန်းသူများ၏ လုပ်ကြံမှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထင်အောင်ကျော်အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှချီးမြှင့်သည့် ရဲဗလတံဆိပ်နှင့်ဂုဏ်ပြု ဆုငွေကျပ်(၂)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဘထွန်းက ၂၀၂၁  ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ကြံမှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့သည့် သင်ပျိုကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းဌေးအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှချီးမြှင့်သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်(၂)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)