ပြင်ဦးလွင် မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ လက်ကမ်းစာစောင်ဖြန့်ဝေ

ပြင်ဦးလွင် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး ပြငဦးလွင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်ကြီး (၅) စန္ဒာလမ်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇) နှစ်မြောက် တပ်မ တော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇွန်လ ဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှကောက် နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊  စိုးမိုး (ပုသိမ်) ရေးသားသည့် နွေအလှကဗျာတို့ပါရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)