(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မဟာအောင်မြေ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော် နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် အခွန်လွတ်စျေးတွင် ရှိသော ပြည်သူများ၊ ဌာန ဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများကို လက်ကမ်းစာ​စောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည် ချက်၊ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေ စည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ် မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက် များ၊ တပ်မတော်၏အစဉ်လာကောင်း(၁၂)ရပ်၊ စသည့် အခြားသောအသိပညာဗဟုသုတဆိုင်ရာဆောင်းပါးများနှင့် ကဗျာများပါဝင် ကြောင်း သိရသည်။

အဆိုပါ(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက လူစည်ကားရာနေရာများ၊ ဈေးများ၊ ဌာနဆိုင်ရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အောင်ဇော်မင်း