ဗိုလ်တထောင် မတ် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ စာပေမှရသော အသိပညာဗဟုသုတများ အတွေးအခေါ် အသိအမြင်များအား အချင်းချင်းမျှဝေတတ်စေရန် စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ( ၁:၀၀ ) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စာရေးဆရာမ မိုးပန်းမွန် ( ရာမည )ရေးသားသော ရွှေအိုရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ် ဦးဆောင် ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ်ပရိသတ်များက ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သိန်းသိန်း