ထန်းတပင်မြို့နယ် အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ ​အောင်မြင်စွာ​ ဖြေဆိုပြီးစီး 

ထန်းတပင်(ရန်ကုန်) မတ်၂၃

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအတွက် နှစ်ဆုံးစာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှစတင်၍ ယ​နေ့ အထိကျင်းပပြုလုပ်ခဲ့ရာ နှစ်ဆုံးစာမေးပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတို့မှ ကျောင်းသား၊ ကျောင်းသူ (၂၁၂၆၃)ဦးတို့ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယ​နေ့တွင် နှစ်ဆုံးစာ​မေးပွဲများ ​​အောင်မြင်စွာဖြေဆိုပြီးစီးသည်နှင့်အညီ ​ကျောင်းသား ​ကျောင်းသူများ​ ပျော်ရွှင်လျက်ရှိပြီး တပည့်ဝတ် (၅)ပါးနှင့်အညီ ဆရာဆရာမများအား ရို​သေစွာ ကန်​တော့နှုတ်ဆက်ကြ​ကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းရှိပြီး စာရင်းရှိ ကျောင်းသား (၁၁၉၇၇) ဦးနှင့် ကျောင်းသူ (၁၁၆၃၀)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၃၆၀၇)ဦး ရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲသို့ ကျောင်းသား(၁၀၇၁၇)ဦး၊ ကျောင်းသူ (၁၀၅၄၆)ဦး စုစုပေါင်း (၂၁၂၆၃) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဝင်ရောက်ဖြေဆိုသည့် ရာခိုင်နှုန်းအနေဖြင့် (၉၀.၀၇) ရာခိုင်နှုန်းရှိခဲ့သည်။

သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းကာဆောင်ရွက်မှု​ကြောင့် အ​ခြေခံပညာ​ကျောင်းသား ​ကျောင်းသူများ ​ပျော်ရွင်စွာ စာ​မေးပွဲ​ဖြေဆိုပြီးစီးခဲ့ပြီဖြစ်သည်။

ဇင်မင်းထိုက်(ထန်းတပင်)