မိုးကုတ် မတ် ၂၃
၂၀၂၂ ခုနှစ်၊မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၁ နာရီအချိန်က မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကား သောစျေးများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော် နေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နွေအလှ(ကဗျာ)၊ ဆောင်ပုဒ်များ စသည့်အကြောင်းအရာ ပါဝင်ကြောင်းသိရပြီး ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ စောင်ရေတစ်သိန်းတိတိကို ပုံနှိပ်ဖြန့်ဝေကာ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အသီးသီးရှိ ရုံးများက အခမဲ့ ဆက်လက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။
နန်းခွာညိုနှင်း