ကွမ်းလုံမြို့၌ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းတွင်းစစ်စာမေးပွဲများအား တည်ငြိမ်အေးချမ်းစွာ ဖြေဆိုပြီးစီး

ကွမ်းလုံ  မတ်  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ယနေ့နံနက် (၁၁)နာရီအချိန် က အခြေခံပညာ အထက်တန်းကျောင်း (ကွမ်းလုံ) အခြေခံပညာအထက်တန်းကျောင်းခွဲ (ဟိုလီ)နှင့် အခြေခံပညာ အလယ်တန်းကျောင်း (တပ်တွင်း)တို့တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းတွင်းစစ် စာမေးပွဲအား တည်ငြိမ်အေးချမ်းစွာဖြေဆိုပြီးစီး၍ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာဖြင့် နေအိမ်သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းတွင်းစစ်စာမေးပွဲကို  မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ အဌမတန်းကျောင်းသား/ကျောင်းသူ(၉၈)ဦး ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)