ဟိုပန်၌ နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်မည်

ဟိုပန် မတ် ၂၃

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အားကစားနှင့် ကာယပညာဉီးစီးဌာနမှ မြို့နယ် အားကစားတိုးတက်ဖွံ့ဖြိုးစေရန်၊ အားကစားနည်းအလိုက် အခြေခံမှစ၍ စနစ်တကျ သိတက်ကြစေရန်နှင့် ကျောင်းသား/သူ၊ လူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်များအား အကျိုးရှိရှိ အသုံးချတက်စေရန် ရည်ရွယ်၍ ဟိုပန်မြို့နယ်အားကစားကွင်း၌ မတ်လ ၂၅ ရက်နေ့၊ ညနေ နာရီ အချိန်မှ စတင်ကာ နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်လှစ် သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဘောလုံးအားကစားနည်းသင်တန်း၊ ကြက်တောင်ရိုက်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ် စသည့် အားကစားနည်း သင်တန်း()မျိုး တို့ ပါဝင်မှာဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ရက်နေ့အထိ (၁၅)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အားကစားနည်းပြများဖြင့် စနစ်တကျ သင်ကြားပေးသွား မည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ အားကစားနှင့်ကာယပညာဉီးစီးဌာန၊ နည်းပြ(နည်းစနစ်) ဒေါ်နန်းမျိုးသန္တာဉီး ထံမှ  သိရသည်။

ဇင်ဇင်(ပြန်/ဆက်)