မိုးကောင်း မတ် ၂၃
ပြည်ထဲရေးဝန်ကြီးဌာနမှ ဆွမ်းဆန်အိတ်များလှူဒါန်းမှုကို ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ မိုးကောင်းမြို့နယ် နောင်ကိုင်တော်ရပ်ကွက်ရှိ မဟာတိလောကရာမပရိယတ္တိစာသင်တိုက်၌ မတ် ၂၃ ရက်နံနက်(၈)နာရီတွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဦးဆောင်အဖွဲ့ဝင် များသည် ပရိယတ္တိစာသင်တိုက်မှ သံဃာတော်(၆၇)ပါးအတွက် ဆွမ်းဆန်စိမ်း(၁၂)အိတ်အား ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံသို့ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
သန်းလွင်ဦး(ပြန်/ဆက်)