ကလောမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်းကျင်းပ

ကလော မတ် ၂၃

ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ မောင်နေခြည်(ပြည်)ရေးသားသည့် ပွင့်သောပန်းတို့ အလန်းဆုံးဝေ စာအုပ်ဖြင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များပြောကြားခဲ့ပြီး  Book Club  အဖွဲ့ဝင် ကိုသန့်ဇော်ဟိန်းက မောင်နေခြည်(ပြည်)ရေးသားသည့် "ပွင့်သောပန်းတို့ အလန်းဆုံးဝေ" စာအုပ်ပါအကြောင်းအရာများကိုဖတ်ကြားဆွေးနွေးခဲ့ရာစာပေမြတ်နိုးသူ Book Club  အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန် ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)