နမ့်ဆန် မတ် ၂၃
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနသို့ ပူးပေါင်း၍ လူထုဗဟိုပြုဌာန Community Center ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က "မီးဘေးလုံခြုံရေးအသိပညာပေး" (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဒေါ်ထားထားလှိုင် က Online မှတစ်ဆင့် မိဘပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် (Talk Show)များ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန့်ဇော်မိုး က မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သိသင့်သိထိုက်သောရည်မှန်းချက် တာဝန်ကြီး ၄ ရပ်ကို အကျယ်တစ်ဝင့် ရှင်းလင်းခြင်း မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များတွင် သင့်(၄) သင့်နဲ့အညီ အမြန်ပြင်ဆင်ဆောင်ရွက် ထားခြင်း မီးဘေးလုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းအရာများစသည်တို့ကို အသေးစိတ် ရှင်းလင်းပြောကြား ဆွေးနွေးပေးခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်ဒေသအဆင့်ရုံးအနေဖြင့် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) များ၊ ပြိုင်ပွဲများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)