ဘားအံ မတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲနိုင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါလျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲရေး နံရံကပ်စာစောင်တွင် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုရာ၌ သိရှိ လိုက်နာရမည့်အချက်များဖြစ်သော ပြင်ပအလင်းရောင်ကို အသုံးပြုပါ၊ အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ၊ တစ်အိမ် လုံးတွင် မည်သူမှမရှိနေချိန်၌ မလိုအပ် သော လျှပ်စစ်အသုံးပြုမှုအားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ၊ နားထောင် သူမရှိ လည်း အခွေဖွင့်စက်သုံး၍ တီဗွီဖြင့်သီချင်းခွေများ အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ၊ ည အချိန် အိပ်နေချိန်တွင် လျှပ်စစ်မီးများပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ်ချွေတာသင့်ပါကြောင်း၊ ရေပြည့်သည်နှင့် ရေတင်စက်ကို အလို အလျောက်ရပ်စေမည့် စနစ်အား အသုံးပြုခြင်း၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲကွန်းများကို နာရီပေါင်းများစွာ ဖွင့်ထား ခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ၂၅ ဒီဂရီ စင်တီဂရိတ်ခန့်သာ ထားရှိအသုံးပြုသင့် ကြောင်း၊ ရိုးရိုးမီးချောင်း၊ မီးလုံးများ အစား Energy Save Lamp များကို သုံးစွဲပါ၊ လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်များဖြင့် အတတ်နိုင်ဆုံး အသုံးပြုပါ စသည့် လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများကို ဖော်ပြပေးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)