ပြည်ကြီးမဏ္ဍိုင် မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျောင်းသား/ကျောင်းသူ များအားကျောင်းပိတ်ရက်၌ စိတ်အပန်းဖြေမှုများ ရရှိပျော်ရွှင်စေရန်၊ ကာယဉာဏ ဖွံ့ဖြိုး၍ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအား ကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးခဲ့သည်။
ရှေ့ဦးစွာ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ပြိုင်ပွဲကစားနည်းများအား ရှင်းလင်းပြောကြားပြီး အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲနှင့် ဘောလုံးမှုတ်ပြိုင်ပွဲအား ကျောင်းသား/ကျောင်သူ(၁၁)ဦးတို့မှ ပျော်ရွှင်စွာကစားခဲ့ကြကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)