မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနစ် Grade-9 ပြည်နယ်မေးခွန်း အစိုးရစစ်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ခဲ့

မိုးနဲ မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ စ၍ နှစ်ဆုံးစာမေးပွဲနှင့် ပြည်နယ်မေးခွန်းများကို ဖြေဆိုလျက်ရှိရာ ယနေ့တွင် နောက်ဆုံးဘာသာတွဲကို နံနက် ၉ နာရီမှ ၁၁ နာရီထိ မြို့မ အ.လ.က ကျောင်း အပါအဝင် မိုးနဲမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများအားလုံးတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်နယ်မေးခွန်း အစိုးရစစ် စာမေးပွဲဖြေဆိုရာတွင် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ထိ တနင်္ဂနွေနေ့မှအပ ဖြေဆိုလျက်ရှိရာ မြန်မာဘာသာရပ်၊ အင်္ဂလိပ်ဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သိပ္ပံဘာသာရပ် ဘာသာရပ် ၆ မျိုးကို ‌နံနက်-၉ နာရီမှ ၁၁ နာရီထိ ဖြေဆိုကြရာ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြောင်း ကျောင်းသူ/ ကျောင်းသားများထံမှ သိရပြီး ဖြေဆိုရာတွင်လည်း ၆ ပေအကွာတွင်သာ ဖြေဆိုကြရကြောင်းနှင့် နှာခေါင်းစည်း mask တပ်ဆင်ထားပြီး ဖြေဆိုကြကြောင်း၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများကြီးကြပ်မှုဖြင့် မြို့မ အ.လ.က ကျောင်းတွင် Grade-9 ကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၅၁ ဦးရှိကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆွေဆွေမာထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)