ကျွန်းစုမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းစု မတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေ သော (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်း က အ.ထ.က ကျွန်းစုကျောင်း၌ ကျောင်း သား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြန့်ဝေရာတွင် မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများအား “တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာလည်း အစိုးရဘက်က လူတွေနဲ့ မလုံလောက်ဘူး။ အခုခေတ်မယ် ဘယ်ဟာပဲ ဖြစ်ဖြစ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာပဲ ဖြစ်ဖြစ်၊ ကာကွယ်ရေးလုပ်ငန်းမှာပဲ ဖြစ်ဖြစ်၊ လုပ်မဲ့အခါမယ် တိုင်းပြည်လူထုနှင့် ယှဉ်၍ ကိုယ်ထိလက်ရောက် ပါဝင်ကူညီဖို့ သဘောတရား တစ်နေ့တခြား ပိုမိုထင်ရှားတယ်” ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၄၇)ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊  စသည် အချက်များပါဝင်သည့် (၇၇)နှစ်‌မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)