ကလော မတ် ၂၃
ကိုဗစ်-၁၉ ရောဂါကူးစပ်မှု လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် တွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Covid Shield ကို ကလောမြို့နယ်အတွင်းရှိ စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လမိုင်း ကျေးရွာနေ ပြည်သူများအား ကျေးရွာအရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက စာရင်း မှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေး ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံ ပေးလျက်ရှိကြောင်း၊ အဆိုပါဆေးထိုးပေးသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း