လှိုင်သာယာ(အနောက်ပိုင်း) မတ် ၂၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သိန်းသိန်း က၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ တပ်မတော်အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် တပ်မတော်နေ့ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ယနေ့အချိန် ကာလတွင်တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေ့သည့်၊ လူမှုရေး၊ စီးပွားရေး၊ တပ်မတော်နှင့်ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရေး အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဦးစီးမှူး၊ ဒေါ်ဝေလွင်လွင်ကျော်က တပ်မတော်နေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)