အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဘက်စုံသုံးဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်နည်း သင်တန်း ဖွင့်လှစ်

စမ်းချောင်း မတ် ၂၃

မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာစေရန် ရည်ရွယ်၍   ဘက်စုံသုံးဆပ်ပြာဆီနှင့် ဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်းကို ယနေ့၊  နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်  ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းတစ်ခုချင်း၏ အမည်နှင့် အသုံးပြုပုံများအား စာတွေ့ရှင်းလင်းပြောကြားခြင်းနှင့် ဆပ်ပြာဆီနှင့် ဆပ်ပြာခဲအဆင့်ဆင့်ပြုလုပ်ပုံအား လက်တွေ့သင်ကြားခြင်း တို့ကိုဆောင်ရွက် ခဲ့သည်။

ထို့နောက် သင်တန်းသားများမှ သင်ယူတတ်မြောက်မှုအား လက်တွေ့ဆပ်ပြာဆီနှင့် ဆပ်ပြာခဲ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး  စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း  (ပြန်/ဆက်)