မိုဘိုင်းစနစ်ဖြင့် ဒေသခံပြည်သူ(၁၃၅၃)ဦးအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး အိမ်တိုင်ရာရောက် ထိုးနှံပေး

ဝမ်းတွင်း မတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူ(၁၃၅၃)ဦးအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးကို မိုဘိုင်းစနစ်ဖြင့် အိမ်တိုင် ရာရောက်ထိုးနှံပေးခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုဘိုင်းစနစ်ဖြင့် Covid19ရောဂါကာကွယ်ဆေးများ အိမ်တိုင်ယာရောက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင်မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ် အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်မာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက် အလက်စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယနေ့နံနက်တွင်ပြည်သူ(၁၃၅၃)ဦးအား ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုရပ်များအပြင် မိုဘိုင်းစနစ်ဖြင့် ပါထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုး လုပ်ငန်းများအောင်မြင်စေရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)