(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဆွေးနွေးပွဲ (Talk Show)ကျင်းပ

စမ်းချောင်း မတ် ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် အသိပညာပေး (Talk Show)ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်(၁း၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စာရေးဆရာမင်းဆက်ပိုင်က၂၀၂၂ခုနှစ်၊မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအ ခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ တပ်မတော်အနေဖြင့် အမျိုးသားရေးလုပ်ငန်း စဉ်များနှင့် တပ်မတော် နေ့ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ယနေ့အချိန် ကာလတွင်တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေ့သည့်၊ လူမှုရေး၊ စီးပွားရေး၊  တပ်မတော်နှင့်ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအစရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း