ဥတ္တရသီရိ မတ် ၂၂
ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်တော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူ ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည် ချက်များ၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ ကာကွယ်စောင့်ရှောက် သွားမည်သာ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ နွေအလှကဗျာစသည့် အကြောင်းအရာများပါဝင်ပြီး အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အခမဲ့ထုတ်ဝေခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင်(ပြန်/ဆက် )