နောင်ချို မတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား စနစ်တကျ ရှိစေရန် ၃ပေအကွာ နေရာများချထားပေးခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက် ပေးထားခြင်း၊ ပင်စင်ထုတ်ယူရာတွင် မတ်လ၂၁ရက်နေ့မှ ၃၀ရက်နေ့အထိ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နံနက် (၀၇၀၀)နာရီအချိန်မှ နေ့လယ် ၁၃၀၀ နာရီအချိန်အထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ဒုတိယမန်နေဂျာထံမှ သိရသည်။
ထွေးငယ်