တံတားဦး မတ် ၂၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက လူစည်ကားသည့် နေရာများဖြစ်သော မြို့မဈေး ၊ နွားကျော်ဒဈေးနှင့် အထက-တံတားဦးကျောင်းတွင် ကျောင်းသား ၊ကျောင်းသူများအား အသိပညာရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များကို ယနေ့န့က်ပိုင်းက ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ချက်၊ ကလေးအလုပ်သမားအဓိပ္ပါယ် ၊ ကလေးအလုပ်သမားများရဲ့ အသက်အရွယ် ၊ ကလေး အလုပ်သမားရဲ့ အလုပ်ချိန်ရဲ့ အလုပ်ချိန်ကန့်သတ်ချက် ၊ ကိုဗစ်-၁၉ရောဂါကာလအတွင်း ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အချိန်မှာ ကလေးများအား ကလေးအလုပ်သမား ဖြစ်စေခြင်းမှပိုမိုကာကွယ်ကြပါစို့ ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့်အကြောင်းအရာများကို အရောင်အသွေး စုံလင်စွာ ပါရှိပြီး ပြည်သူများ အသိပညာပေးခြင်းများစွာ ပါဝင်ကြောင်း သိရသည်။
ဦးရဲတင့်