မိုးညို မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ E-mailပေးပို့နည်းနှင့် သတင်းဗီဒီယို တည်းဖြတ်နည်းသင်တန်းကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာလင်းက လုပ်ငန်းအစီရင်ခံစာများ ပေးပို့ ရာတွင် လျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန် E-mailပေးပို့နည်းနှင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ဦးအောင်မင်းနိုင် (ဓာတ်ပုံကျွမ်းကျင်-၂)နှင့် Youth Club အဖွဲ့ဝင်မသုန်နဒီကိုတို့က လက်တွေ့ သင်ကြားပြသပေးခဲ့သည်။ သင်တန်းသို့ မြို့နယ်ဝန်ထမ်းများနှင့် Youth Club အဖွဲ့ဝင် သင်တန်းသား(၈)ဦးတို့ တက်ရောက်ခဲ့ပြီး (၁)ရက်တာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (မိုးညို)