တံတားဦး မတ် ၂၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာဖွေဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀) နာရီက ကျင်းပကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က မသန်စွမ်းသူများသည် စွမ်းနိုင်ပါကြောင်း ၊ သို့အတွက်အကြောင့် မသန်စွမ်းသူများကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန်လိုကြောင်း မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနေထိုင်နိုင်ရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက မသန်စွမ်း သူများ အခွင့်အရေးဆိုင်ရာအကြောင်း ပြောကြားရာတွင် မသန်စွမ်းသူများသည် နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူ အားလုံးတန်းတူညီမျှ အပြည့်အဝ ရရှိစေရေး ၊ နိုင်ငံရေး ၊ လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့်နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူလူမှု အဖွဲ့အစည်းတွင် ပေါင်းစည်းပါဝင်နိုင်စေရေး ၊ မသန်စွမ်းသူများ၏ လူနေမှုဘဝလုံခြုံစိတ်ချမှုရှိပြီး ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေး ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ ရပ်ကွက်၊ ကျေးရွာများမှာ မသန်စွမ်းသူများ ရှိခဲ့လျှင် ထောက်ပံ့ငွေများရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင်တွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးပြောကြားသည် ။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်အများပြည်သူများကိုOnline မှ တစ်ဆင့် ပြည်သူများ အသိပညာဗဟုသုတများစွဦရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအား ဆက်လက်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
ဦးရဲတင့်